
သို့အတိတ်က
Lyrics
အားလုံးထက်ပိုချစ်ပြမယ်ဆို
ဒီစကားလေးတစ်ခွန်း ငါကြားခဲ့ဖူးတာမို့
မင်းရဲ့စကားတွေ လေပြေထဲမှာ ညင်သာစွာလဲပြို
မင်းသိပ်ချစ်ခဲ့တဲ့သူ မဖြစ်ခဲ့ရပါဒို့
ဘဝအတွက် မရှိမဖြစ်လို့ ချစ်တာဆို
ဒါဆို ဘာကြောင့်ငါတစ်ယောက်တည်းထားခဲ့တာ မေးချင်လို့
ကျေးဇူး အချစ်ရယ် အိပ်မက်ထဲမှာ အိပ်မက်မက်ခိုင်းလို့ ဒီဘဝတော့ ဒို့ဒီမျှပဲ ဝေးပါစို့
ငါချစ်ဖူးခဲ့ပါသည် အချစ်က နာကျင်စေမှန်းသိပြီ
ငါယုံစားခဲ့လေသည် ကတိတွေ လွယ်လွယ်ပျက်ခဲ့ပြီ
ရူးမိုက်စွာ ဒီနှစ်လုံးသားထဲ ချစ်နေပြီ နောက်ဆုံးတော့
ငါအသည်းတွေ ကွဲခဲ့ရပါသည်
Tracklist
- 1
သို့အတိတ်က3:45

0 Comments
No comments yet — be the first to share your thoughts.
Log in to leave a comment.
Log in